လွှင့်
နင်ခြယ်လှယ်ခဲ့ဖူးတဲ့ ကောင်းကင်
အခုတော့ တိမ်ညိုတွေကင်းလို့
မိုးစင်စင်လင်းခဲ့ပြီ….
အနားသတ်တွေ မတူကြဘူး
အစပြုခဲ့တဲ့ လားရာအရပ်က
မှုန်ပျပျ ဝေးလို့ကျန်ခဲ့တယ်….
ထွက်ခွာမယ့် အချိန်အတွက်
ဥသြသံ မပေးပါနဲ့….
မုသား နဲ့ အတ္တ တွေ
နိုးထသွားမှာ စိုးမိလို့ပါ..
ဒီဘူတာအိုမှာ
မုသားဖုံးတဲ့ ရယ်သံတွေရှိခဲ့ဖူးတယ်..
အတ္တမျက်နှာဖုံးတွေနဲ့
သစ္စာတရားကို ပျက်ရယ်ပြုတဲ့
လူသားမဆန်တဲ့ လူတွေနဲ့ ဝေးရာအရပ်ဆီ
ထွက်ခွာခွင့်ပြုပါ…
Leave Comments
Email me whenever there is new comment
Copyright © 2019 PoemsCorner. All rights reserved. Terms of Service