Professional Authors

လီလီရဲ့ မြစ်နဲ့တူတဲ့ မျက်လုံးတွေ

လီလီဟာ ညစ်ညမ်းတဲ့ကောင်မ
သွေးရူးသွေးတန်း ဆိုတဲ့စကားကို ဒေါက်ဖိနပ်အောက်မှာ ခုထားတာ
လီလီ့သွေးကြောတွေဟာ ပန်ဒိုရာဘောက်စ်ထဲကနေ စီးဆင်းလာတာ
လီလီ့မှာ မြစ်နဲ့တူတဲ့မျက်လုံးတွေရှိတယ်
လီလီ့ နှုတ်ခမ်းတွေဟာ ငါ့ကို ဆဲရေးနေတာ

ငါ့ကိုဖက်ထားစမ်းပါ လီလီ
ငါသိတဲ့လီလီကို ငါမသိတော့ဘူး
ငါ့အသံဟာ လီလီရဲ့ ဂီတဖြစ်ပြီး
လီလီနားထောင်တဲ့ သီချင်းဟာ
ငါရွတ်ပြတဲ့ ကဗျာတွေလေ

လီလီဟာ အိပ်နေတယ်
လရောင်တစ်ခြမ်းဟာ လီလီ့ ကိုယ်ပေါ် ကျနေတယ်
ငါ့အရေပြားပေါ်မှာ လီလီရဲ့ ဆံပင်တွေရှင်သန်ကြီးထွားနေပြီး
ငါ့လျှာထဲကနေ လီလီပြောဖူးတဲ့ စကားတွေ ခုန်ထွက်လာ
လီလီဟာ ညစ်ညမ်းတဲ့ကောင်မ ပဲ
လီလီ့မှာ မြစ်နဲ့တူတဲ့ မျက်လုံးတွေရှိတယ်

မင်္ဂလာညချမ်းပါ လီလီ
လီလီရဲ့ပန်းရောင်အတွင်းခံမှာ ငါ့မျက်နှာကိုအပ်ထားလိုက်တယ်၊

In: ကဗျာ Posted By: Date: Jun 25, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment