Professional Authors

လွင့်ဝဲသွားတဲ့ အိပ်မက်တချို့တ၀က်

အလွမ်းတွေ … 
အလွမ်းတွေ  ..
တကိုယ်စာ ရေရွတ် 
တကိုယ်စာ စိုစွတ်ရင် ရပါပြီ။
ပြန်မတွေးဖြစ်တော့တဲ့ အတိတ်တွေ
နဲနဲ ထိခပ်မိရုံနဲ့ 
မတို့ရက်မထိရက် အခြေနေ တချို့တ၀က်
လေထဲမှာ 
ကိုယ် လက်လွှတ်လိုက်တဲ့ 
မိုးပျံပူပေါင်းလေးကို ငေးကြည့်သလိုမျိုး
 
အနာဂတ်တွေ အကြောင်း
လူပြော သူပြော များလာတဲ့အခါတိုင်း
ငါ ဟန်မဆောင်နိုင်သေးဘူး
In: ကဗျာ Posted By: Date: Jun 22, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment