Professional Authors

အသက်မဲ့သွားတဲ့ညနေ

စာသင်ခန်း ထောင့်တစ်ထောင့်မှာ
မျှော်လင့်ချက်တစ်ချို့လှဲအိပ်နေခဲ့တဲ့……..။

ဝေဒနာတကာ့ ဝေဒနာထဲမှာ
အသဲကွဲတဲ့ ဝေဒနာအဆိုးဆုံးပဲ……..။

အထီးကျန်တဲ့ ညနေတချို့
အကျည်းတန်ခဲ့ပြီ……..။

တော်ပြီဆိုတဲ့စကားက
လက်ကာပြရုံသပ်သပ်နဲ့
နှလုံးသားကို ပါးချခဲ့တာ……..။

မျှော်လင့်ခြင်းကောင်းကင်မှာ
အနာဂါတ်မဲ့လို့
စေတနာတချို့
စာသင်ခန်းကြမ်းပြင်ပေါ်မှာ
ပိုးလိုးပက်လက်……။

တပ်ဆုတ်ပြီးပြန်ခဲ့တယ်
ပြောချင်တဲ့ စကားတစ်ချို့ကျန်ခဲ့တယ်
လွယ်နေကြ ခပ်ညစ်ညစ် လွယ်အိတ်ကလေးကျန်ခဲ့တယ်
သူမကို အရမ်းချစ်တဲ့ ကျွန်တော့နှလုံးသားကျန်ခဲ့တယ်…..။

In: ကဗျာ Posted By: Date: Jun 9, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment