Professional Authors

စက်ဘီးချစ်သူ

သူ့ နာမည်လေး 
ရေရွတ်မိတိုင်း
သူ့အသံလေး
ကြားယောင်မိတိုင်း
သူ့ရုပ်လွှာလေး
မြင်ယောင်မိတိုင်း
ကလေးဘဝ 
စက်ဘီးစီးသင်စဉ်ကလို
ရင်မှာ တလှပ်လှပ် 
ခံစားခဲ့ ခံစားဆဲပါ။
ဒါပေမယ့်
ကိုယ်က
အချစ်မှာ 
ဒူးပြဲ တံတောင်းပွန်း မခံနိုင်တော့
ချစ်သောစက်ဘီးလေးရေ
ငါတို့ရေစက် 
ဝေးပြီ။

လှိုင်မျိုး 

23Jan 2017
In: ကဗျာ Posted By: Date: Apr 27, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment