Professional Authors

ဘယ်ကိုသွားသွား အဲဒီဘက်ကို ငါပြန်ရောက်လာတယ် ဘော့(ဘ်)

အသုံးအနှုန်းတွေက သွေးထွက်လွယ်တဲ့ စက္ကူလိုပဲ ဘော့(ဘ်)
ငါ နာ နေပြီ
ဘာကိုမှ ဖြန့်ကျက်လို့ မရလို့
ရောက်ရာဘ၀ကနေ
လွင့်သွားတဲ့ ဘ၀အထိ
မီးခိုးတွေ
အပျက်အစီးတွေနဲ့
ငါ နာ နေပြီ
ဘယ်ကိုသွားသွား အဲဒီဘက်ကို ငါပြန်ရောက်လာတယ် ဘော့(ဘ်)
ငါ့အကုန်လုံးဟာ လှည်းကျင်းခံလိုက်ရသလိုပဲ
ငါ့အစိတ်အပိုင်းတွေ ငါ့ထဲကနေ တိုးထွက်နေကြတယ်
အသက်ဟာ ငါ့ကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတ်ဖြတ်ချင်နေပြီး
ငါရှိတဲ့ကမ္ဘာတွေကြွေကျသွားကြတယ်
ငါ ရွာချခံလိုက်ရတယ် ဘော့(ဘ်)
ငါပြန်လာခဲ့မယ်
ဘယ်ကိုသွားသွား အဲဒီဘက်ကို ငါပြန်ရောက်လာမယ်

In: ကဗျာ Posted By: Date: Apr 21, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment