Professional Authors

“ပန်းသည်(သယ်) – နရီထက်

မြေတအိုးနှင့် အိမ်ယူ
ရေခပေမဲ့
ရွက်စိမ်းတွေ ဝေပြရတယ်
မနက်အနိုး…
ဌက်ကလေးတွေ တေးသီတဲ့အခါ
ပွင့်နှင့်လျက်ပါ။

လောကဓံနှင့်ဆို
ဘယ်ခံမတုံး…
တစ်ခါ ကြွေပြရတယ်
နေရာမှန်ဆိုပေမဲ့
လဲလှယ်ခြင်းတော့ ခံရမယ်
တစ်နေ့နေ့ရယ်။

အကြည့်ခံမဟုတ်
အမောတစ်ချက်ပြေ
တစ်ချက်ငေးအလှနှင့်
ကျေနပ်ပေမဲ့
တယုတယဆိုတာ
သူတို့တွေ ၀ယ်မပေးကြဘူး။

အရိပ်တစ်သိုက်နှင့်
ရောခွင့်ရှိပေမဲ့
အချိန်ဆိုတာ
လက်ဆောင်တစ်ခုလို့ပဲ
ဘယ်မတုံး… ဟေ့
အကြင်နာတွေ
ယူလာကြစမ်းပါ။

ပန်းကိုက်ပိုးလို့
အစိမ်းတစ်လှည့်နဲ့ရော
ကူညီမယ့်ဟန်နဲ့
ငါ့အသက်…သူ့အသက်
လုနေကြတုန်းပါကွယ်။

ဘ၀ဆိုတာ
ဒီဇီုင်းနာမလိုပေမဲ့
တန်ဘိုးဆိုတာ
ရိုးတံတွေ ၀တ်မှုန်တွေနှင့်
တည်နေရတုန်းပါကွယ်။

ကိုယ့်ဘ၀နှင့်ကိုယ်ပျော်
သူတို့ဘ၀နဲ့ သူနှောဆို
အနမ်းတစ်ချက်နဲ့
ပွင့်ချပ်တွေ
သူတို့နောက်
လမ်းမခင်းမပေးကြနဲ့။

သစ်ခွ၊ ဇီဇ၀ါတွေကြား
နှင်းဆီဆိုတာ
တစ်ခါက မြေရိုင်းတစ်ခု
သူတို့က အယူ…
တခဏ ပြောချက်နှင့်
တော်ဝင်လို့ ညာကြပြန်တယ်။

တစ်ကြော့ပြန်သီ
ချုပ်ရာနဲ့ဆို
ခရေတွေ၊ စံပယ်တွေလည်း
လှကြကာပါပဲ
နွမ်းပေမဲ့
ရောင့်ရဲလွယ်တယ်။

သူတို့ပဲ သတ်မှတ်
သူတို့ရဲ့ မှတ်ချက်
အရိုးအရွက်တွေတောင်
တခါတလေ…
သိမ်းကျုံးယူကြတယ်
ဒါလားကွဲ့…
ပုရောဟိတ်တွေရယ်။

သံယောဇဉ်ဆိုတာ
“ပန်းသည်” မဟုတ်ဘူးဆို
သူတို့ဘ၀နှင့် သူတို့
ပျော်နေတုန်းဝယ်..
ငါလည်း…
ရှေ့ဆက်…
အရိပ်ကို အတ္တနှင့်
ဆက်သွယ်နေချင်ပြီးကွယ်။ ။

နရီထက်
( ၁၈ ၊ မတ်လ ၊ ၂၀၁၇ )

In: ကဗျာ Posted By: Date: Apr 18, 2017
Comment #1

မတွေ့တာ ကြာပြီဗျ 😀😀😀

commentinfo By: moegyi at Jun 9, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment