Professional Authors

ကြက်ကန်း – နရီထက်

နေ့လွဲ ညသာ
လလွဲ မိုက်ပြာ
လွဲလည်း မသိ
ဖြစ်ရှိ ကွယ်၏။

တစ်ပွဲ ကန်းတိုး
ပစ်ရိုး နိုးနိုး
ဇိမ်နဲ့ နွေးစေ
ထားရှိဘိ၏။

တောက်ချက်တလွဲ
တွန့်ချက်တညံ
အလင်းမရှိ
ပြေးချက် မမှန်
ခွပ် ဟန်ပြ၏။

သူပဲ ဇော
သူပဲ မော်လို့
ပိတ်စ မျက်စေ့
လွဲတုန်း မနက်
လင်းနေတုန်းကွယ်။

ဝီရိယနည်းစွ
တွန်မလိုနဲ့
ချက်ချာမသိ
အိပ်ရေးပျက်စွာ
များလှပါဘိ။

မွန်းတည့်ချိန်မှ
တစ်ချက် တော်
အော်လိုက်တဲ့ ဟန်ပန်
ချက်မရှိတဲ့ မွန်းတည့်
လက်ခံသေး၏။

ခေါင်းချချိန်မှ
တွန်သံပြ
အိပ်ကျသူတွေ
မောရပြီ။

နေ့သိ ညမှတ်
မှန်ချက် တွန်စွာ
လိမ္မာအရေး
ကိုယ့်သိ ကိုယ်မှ
ကျင့်ရာ မြတ်သည်
မှန်စွာသာတည်
လေ့ကျင့်ပြုလော….
အိုဆွေပေါင်းတို့။ ။

နရီထက်
( ၂၅ ၊ မတ်လ ၊ ၂၀၁၇ )

In: ကဗျာ Posted By: Date: Apr 18, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment