Professional Authors

ညီမလေးရဲ့ ကမ္ဘာ

လူတစ်ယောက်ကလူတစ်ယောက်ကို ချစ်တာဟာ
ညီမလေးရဲ့ ကမ္ဘာမှာ
လက်သီးဆုပ်သေးသေးလေးနဲ့ ကိုကို့လက်ကို တွဲတာ
အပြင်ကပြန်လာတိုင်း လက်နှစ်ဖက်ကိုဆန့် ကိုကိုလို့ ခေါ်ပြီးချွဲတာ
ညီမလေးက ပန်းသီးကြိုက်တယ် စတော်ဘယ်ရီဝယ်လာရင်
နှုတ်ခမ်းကို တတောင်လောက်စူပြီး ချစ်ခြင်းမေတ္တာကိုကွေ့ကောက်ကြည့်တာ
(ချစ်ခြင်းမေတ္တာဟာ ကွေ့ကောက်လို့ရလား ညီမလေး)
ဒီလိုပဲဖြစ်ရမှာမလား
အနုမြူဗုံးတွေ များနေပြီ
ရောဂါပိုးမွှားတွေ များနေပြီ
သွေးသံရဲရဲတွေနဲ့ ကောက်ပေါက်ခံလိုက်ရတယ်
အသက်မှာ အနာတရတွေများနေပြီ
သနားစရာ၊ ချစ်ခြင်းမေတ္တာနဲ့ မထိတွေ့ဖူးတဲ့သူတွေ
အစုတ်အပြတ်လို ဒဏ်ရာ
အုပ်စုလိုက် အဓမ္မကျင့်ခံလိုက်ရတဲ့ အမှန်တရားဟာ
ချောင်တစ်ချောင်မှာ များနေပြီ
သွေးထွက်လွန်နေပြီ
ခြောက်သွေ့နေပြီ
ဒီအတွက်
ညီမလေးရဲ့ သနားတတ်တဲ့မျက်လုံးတွေ မလိုဘူးလား
ဒါက ညီမလေးရဲ့ ကမ္ဘာ အလုပ်လုပ်ပုံ မဟုတ်ဘူးလား
ဘယ်သူ့အတွက်ပဲဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဟာ မခက်ခဲသင့်ဘူးမလား

In: ကဗျာ Posted By: Date: Apr 17, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment