Professional Authors

ဘယ်လောက်လင်းလင်း မနက်ခင်းကစ မှောင်တယ်

အလုံပိတ်အသေရိုက်ထားတဲ့ စိတ်နဲ့
ဘယ်လောက်လင်းလင်း မနက်ခင်းကအစ မှောင်တယ်
ငါစိတ်နဲ့ ငါ့စိတ် ဟာ နေ့တိုင်း ကားတိုက်မှုဖြစ်တယ်
မိုးရေတွေ ကျတာကို ဘာလို့ မြားလို့ မြင်မိရသလဲ
နှလုံးအတုတပ်ပြီး ရှင်နေရတဲ့လူလို
ဒီ အသက်မှာ မျက်လုံးတွေဟာ ကျုံ့ဝင်လာတယ်
ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ ဒီအမှုကို သတ်ပစ်ရမလဲ
ကန်းတယ်
ထောင့်တစ်နေရာကပ်ပြီး ခြောက်ခြားနေသလိုမျိုး
နေထိုင်လာခဲ့မှု တောက်ရှောက်
အရူးမီးဝိုင်းတဲ့ သီချင်းထဲမှာ
ဆဲလ်တွေက ပျက်ပြီးရင်း ပျက်
မ ကုန် နိုင် ဘူး
မ   သေ   နိုင်   ဘူး
မ    တတ်    နိုင်    ဘူး
ဒီခန္ဓာက ဘာလို့
အကျဉ်းစခန်းလို
ဘယ်လိုလုပ်ဆောက်ပြီး
ဘယ်လိုတည်ခဲ့သလဲ
ဘယ်လောက်လင်းလင်း မနက်ခင်းကစ မှောင်တယ်
စုန်းပြူး
In: ကဗျာ Posted By: Date: Mar 3, 2017
Comment #1

မတွေ့တာကြာသော အရေးအသား 🙂

commentinfo By: မာန်ခက် at Jul 4, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment