Professional Authors

ဆေးခြောက်ဟာ ငါ့ အနုပညာ

ကမ္ဘာမြေပ်ါက ငြိမ်းချမ်းရေး
နာမ်ခန္ဓာရဲ့ တတိယ မျက်လုံး
သူ့ အလေးချိန်က အမှန်တရား
ကြည့်မှန်တစ်ချက်လို ဘယ်ညာမလွဲဘူး
ရွှံစရာ သိပ်ကောင်းတဲ့ စိတ်ကောင်ထဲ
တွယ်ကပ်ငြိနေသော လောက်များ
အူတွေ ဆွဲထုတ်ခံရသလိုမျိုး
ကြမ်းတမ်းစွာ အရေခွံ ဆုတ်ခွာပစ်ကြလိမ့်
သိပ်ခါးလွန်းတဲ့ ဆေး
အခိုးငွေ့တွေက နူးညံ့စွာ
ခြေရာတစ်စုံမှာ သူဟာ
တန်ဖိုးမြင့် အော်ဂဲနစ်လောင်စာ
သိပ်ကို ကျေးဇူးတင်တယ် ကမ္ဘာ 

စုန်းပြူး 

In: ကဗျာ Posted By: Date: Mar 3, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment