Professional Authors

Eureka (ယူရီကာ)

ဒီညမှာ အလင်းကို ရှာတယ်
အပြင်မှာ တိတ်ဆိတ်လို့
အတွင်းမှာ ဆူညံတယ်
ဒီ့အတွက် ကျနော့်နားတွေပိတ်မရခဲ့ဘူး။
စကားသံတွေ စကားသံတွေ
ဦးနှောက်ကို ဖြတ်စီးတယ်
အမှောင်ထဲပဲ တိုးဝင်သွားတယ်
အလင်းကိုမတွေ့။
ခုထိ ကျနော့် နှလုံးအိမ်က အမှောင်အတိ ဖုံးနေတုန်း။
ဒီည အလင်းတွေ့လိမ့်နိုးနဲ့ရှာတယ်။
မီးညှိသူက ကူညီပါတယ်။
ဒီလိုနဲ့ မီးတောက်တွေကြား နှလုံးအိမ်လည်း လင်းခဲ့တယ်။
“ယူရီကာ!!!!”
ဒီတခွန်းဟာ သေတမ်းစာဖြစ်လေတော့တယ်။
အရာရာတိတ်ဆိတ်ငြိမ်သွားတယ်။
ဘဝဟာ ပြာမှုန်လိုပဲ ထပ်လောင်ကျွမ်းစရာမရှိ။
In: ကဗျာ Posted By: Date: Feb 9, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment