Professional Authors

တစ်ခြမ်းပဲ့ ပြည့်စုံခြင်း

တစ်ခြမ်းပဲ့ ပြည့်စုံခြင်း
***********************
.
တန်ခိုးများသာရှိရင်လေ …
အချိန်တွေကို
ဇောက်ထိုးလည်အောင်လုပ်ပစ်မယ် ။
ကျန်ရစ်ခဲ့တဲ့အတိတ်သာ 
လာမဲ့အနာဂတ်ဖြစ်နေရင် 
ဘယ်လောက်ကောင်းလိမ့်မလဲ !
.
နှလုံးသားထဲ ဖိသိပ်ထည့်ထားတဲ့
ဆွေးမြေ့အချစ်တွေ ထသောင်းကျန်းတိုင်း 
ထုတ်ကြည့်မိတဲ့ ဓါတ်ပုံဟောင်းလေးမှာ
အလွမ်းတွေကို နှုတ်ခမ်းဆီပုံချတဲ့ အခါ 
အနမ်းတွေက ပန်းလိုကြွေကျတယ် …
.
ချစ်သူ့ နှုတ်ဖျား
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းမှာတင်
ဆယ်ခါပြန်လောက်သေ၀ံ့တဲ့သူက
ဒီ ငတုံး အပြင်ဘယ်သူရှိမလဲ 
.
ထပ်မကြားနိုင်တော့တောင်
နှလုံးအိမ်ထဲသိမ်းဆည်းထားတဲ့အသံ
အခါခါကျော့လို့
လွမ်းတိုင်းထုတ်နားထောင်ဖြစ်တုန်း ။
.
ဆေးသားမပြယ်တပြယ်
ဓါတ်ပုံအိုဟောင်းလေးထဲက
ယဲ့ယဲ့လေးပြုံးပြရုံနဲ့တင် 
ဒီကောင် ဆက်ရူးနေခဲ့တာ …
.
တကယ်ဆို …
ဘယ်လောက်ဝေးနေပစေ …
အတွေးထဲမင်းရှိနေရုံနဲ့တင်
ကိုယ့်ကမ္ဘာတစ်ခြမ်းမှာ 
လင်းလက်နေပြီးသားလေ ။
.
#အသဲကျော်

In: ကဗျာ Posted By: Date: Sep 3, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment