Professional Authors
ဥ​ပေက္ခာ
လိမ်​တာကိုနှစ်​သက်​လား
 ညာတာမှ သ​ဘောကျတာလား
sorry ဘဲ ချစ်​သူ ငါမညာတတ်​ဘူး
စိတ်​ကူး​တွေထဲ အရသာခံဖို့အတွက်
ငါ မလိမ်​ချင်​ဘူး
ငါ မညာချင်​ဘူး
မချစ်​ခဲ့မှန်းသိပါတယ်
ဒါ​ပေမယ့်
ချစ်​လာဖို့ကြိုးစားကြည့်​ရုံနဲ့​တော့
နင်း​ခြေဖို့ မကြိုးစားနဲ့
အချစ်​တစ်​ခုအတွက်
အများ​သောက်​သလို
မိုးခါး​ရေ​တော့
ငါမ​သောက်​လိုဘူး
အလွမ်းမီး​တွေ လွှမ်းခြုံသွားပါ​စေ
လိမ်​ညာဖို့မကြိုးစားနဲ့
လှည့်​ဖြားပြီးမယူနဲ့
မုန်းတာကိုလည်း ဂရုမစိုက်​ဘူး
အချစ်​က ရယူခြင်းတဲ့
တချို့က​ပေးဆပ်​ခြင်းလို့ ဆိုကြပြန်​ပါ​သေး
စွန့်​လွတ်​ခြင်းလို့​အော်​သူက​အော်
ငါတစ်​ခု​တော့​ပြောလိုက်​ချင်​ရဲ့
အချစ်​ဆိုတာ ချစ်​​နေဖို့ဘဲလား
တန်​ပြန်​မှု​တော့ရှိသင့်​ပါတယ်
ကြိုးဆွဲဖို့​တော့ မစဉ်းစားနဲ့
ဥ​ပေက္ခာဆိုတဲ့ အသုံးအနှုန်း
ငါ   သုံးဖို့ အဆင်​သင့်​ဘဲ​နော်​……
For my honey 
In: ကဗျာ Posted By: Date: Jul 29, 2016
Leave Comments
Name*
Email*
Website
Email me whenever there is new comment