Professional Authors

——–(၁)———

ဒီလိုနဲ့ လမ်းလျှောက်ထွက်ကြပါပြီ
ကုက္ကိုပင်၊ ဒါမှမဟုတ် အရိပ်ကောင်းကောင်းရတဲ့ တစ်နေရာမှာ
အမည်ဖော်ပြလို့မရတဲ့ ကောက်ကျစ်မှုကို
ကျွန်တော်တို့ ထိန်းသိမ်းကြရပါမယ်
အေးခဲစပြုလာပြီလို့ ခင်ဗျားထင်နေစဉ်မှာပဲ
သေနတ်တစ်လက်ဟာ ခင်ဗျားနားထင်ကို တေ့ထားတယ်
အဖြစ်အပျက်က
ကျွန်တော်တို့ အသတ်ခံရပြီး
ဘယ်သူမှမသိခင်မှာပဲ ပိပိရိရိ နိုးထလာကြပါတယ်
အပျက်အစီးတွေဟာ ဗိုင်းရပ်(စ်)ပိုးမွှားတွေလို ပြန့်နှံ့နေပြီး
ကုသိုလ်တော်ဘုရား ဘေးက အကြော်ဆိုင်မှာ
ကြိုးချည်ထားတဲ့ မီးခြစ်တစ်လုံး အငွေ့ပျံသွားတယ်
အင်တာနက်ပေါ်က လိင်မှုကိစ္စ အရှုပ်အထွေးဟာ
ခင်ဗျားကို သံသယရှိနေတယ်
ဒီမှာ ခင်ဗျားမှာထားတဲ့ သံပုရာရည်ပါ မစ္စတာ
စကားမစပ်
ဒီနေရာမှာ ဘာမှ မရှိတော့တာ ခင်ဗျားသတိထားမိလား…။

In: ကဗျာ Posted By: Date: Jun 25, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment