Professional Authors

ဝေးဝေးကိုလွင့်ပြီး ဘယ်ကိုမှမရောက်တဲ့ ရှုမျှော်ခင်း

——ဝေးဝေးကိုလွင့်ပြီး ဘယ်ကိုမှမရောက်တဲ့ ရှုမျှော်ခင်း—–

အသက်ကို အသံဖမ်းထားပြီး
မင်းက ဝေးပြီဆို ငါ ဝေးရမှာပဲ
ငါ့မှာ သီချင်းတွေ
ခြောက်သွေ့လမ်းတွေလို၊ စိတ်က
မနက်မှာ ပဋိပက္ခတွေရှိပြီး
တစ်ခုခုကို ကောက်ပေါက်လိုက်ရင်
ငါပဲ လွင့် လွင့်သွားရလို့
အမြဲတမ်း ကျပျောက်တယ်
အမြဲတမ်း နာကျင်တယ်
အမြဲတမ်း မခွဲဘူး ဆိုတဲ့
သည်းသည်းမည်းမည်း မျက်လုံးတွေလို
မမကို မိုင်ကုန်အော်ဟစ်ပြီး
မင်းက ဝေးပြီဆိုတာနဲ့ ငါဝေးရတာပဲ
တဆစ်ဆစ် ကိုက်ခဲရတဲ့ အမှားတွေမှာ
မင်းဆီ ငါ ရောက် ရောက်လာတာပဲ…။

In: ကဗျာ Posted By: Date: May 7, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment