Professional Authors

ပဋိဇီဝဆေးဝါးများ

————ပဋိဇီဝဆေးဝါးများ———–

မင်းကို ဘယ်မှာ ရှာရမယ်မှန်းမသိတော့
ငါဟာ လမ်းပေါ်မှာ
တစ်ယောက်ယောက်ကိုတွေ့ရင် မင်းကိုသတိရပြီး
မင်းကို သတိရတဲ့အခါ
ငါ့မှာ ဘာမှမရှိတဲ့ အခန်း
ငါ့ဆီ ဘယ်သူမှမရောက်တဲ့နံရံ
ငါ့မှာ ပဋိပက္ခတွေနဲ့
အထိုက်အလျောက် ကြီးကျယ်ပြီး
အထိုက်အလျောက် ၀မ်းနည်းလို့
ငါ့ရဲ့ သိပ်သည်းစ မာကျောတဲ့ မိုးတိမ်များမှာ
ငါ ကျေနပ်ပျော်ရွှင်ရမှာပေါ့
ငါ့ရဲ့ ကောင်းမွန်တဲ့ တစ်ခုတစ်လေများလို
ငါ့မှာ ဘာမှမရှိတဲ့အခန်း
ငါ့ဆီ ဘယ်သူမှ မရောက်တဲ့နံရံ
ငါ့မှာ မင်းမရှိတော့
ဖျော့တော့သော ပဋိဇီဝဆေးဝါးများနဲ့
ခြောက်သွေ့လမ်းမများမှာ
မင်းကို အိပ်မက်ရမှာပေါ့….။

In: ကဗျာ Posted By: Date: May 2, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment