Professional Authors

~~~♥~~~ ဘ၀ ~~~♥~~~

♥♦♥ ဝိုးတစ်ဝါး အလင်းရောင်အောက်
~~~ရိုးရိုးသားသား ဖြတ်သန်းနေတဲ့
~~~လူသားတွေ ကြိုးစားသမျှ
~~~အရာမထင်တာတော့ ရင်နာတယ်………………. ♥♦♥
♥♦♥ မြို့ပြကြီး လင်းလာတော့
~~~နှိုးစက်ကြီးက ထအော်တယ်
~~~“ပုရွက်ဆိတ်တွေ ထတော့”…….တဲ့
~~~ပုရွက်ဆိတ်တွင်းကထွက်လို့
~~~ခါးသက်တဲ့နေ့တနေ့ကို ထပ်ကူးရပြန်တယ်……….. ♥♦♥
♥♦♥ နေ့နဲ့ည….. ညနဲ့နေ့က
~~~လည်ပတ်နေတာ နားချိန်မရှိကြဘူး
~~~လူတွေရဲ့ သံသရာကလဲ
~~~ဘာကိုမှ ဂရုမစိုက်ပဲ လည်ပတ်စမြဲပဲ………….. ♥♦♥
♥♦♥ နိမ့်တလှည့် မြင့်တလှည့်
~~~ချိုတလှည့် ခါးတလှည့်
~~~ငိုတလှည့် ပြုံးတလှည့်နဲ့
~~~လောကကြီးကို သရုပ်ဆောင်ပေးတဲ့
~~~လူတွေကို သနားမိပါတယ်……………. ♥♦♥
♥♦♥ လူတယောက် အနိုင်ရဖို့အတွက်
~~~တခြားတယောက်က အရှုံးပေးရတယ်
~~~လူအချင်းချင်းဘာလို့ အတ္တတွေပြင်းနေရတာလဲ……..?
~~~အတ္တဆိုတာ လောကကြီးက ဖန်တီးထားတဲ့မိတ်ကပ်လေးပဲ
~~~ဆင်မြန်းထားရတာ ပူလောင်လွန်းပါတယ်………….. ♥♦♥
♥♦♥ တစ်လမ်းထဲသွားနေတဲ့ ခရီးသွား အချင်းချင်း
~~~ဘာလို့ မာန်မာနတွေမရှင်းတာလဲ……….?
~~~လောကကြီးရဲ့ Circus ကွင်းမှာ
~~~Joker လေးတွေမဖြစ်ချင်စမ်းပါနဲ့……………..♥♦♥
♥♦♥ ရိုးသားခြင်းကို ငါခံယူလို့တဲ့
~~~လောကကြီးက ဥပက္ခာပြုတယ်
~~~ငါထုဆစ်လာတဲ့ ဘဝကိုတော့
~~~ဟိုမရောက် ဒီမရောက်လုပ်တဲ့ငါ
~~~ပျော်ရာမှာမနေရ တော်ရာမှာနေရတဲ့ငါ
~~~ဒီနေရာမှာ မနေချင်တော့ဘူး
~~~လောကကြီးကို စိတ်လေတယ်………………♥♦♥
♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥
♥♥♥ ချမ်းငြိမ်းပညာအောင် ♥♥♥ 
In: ကဗျာ,Others Posted By: Date: Jan 16, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment