Professional Authors

လက်ဆောင်

ဒီနေ့ထူးဆန်းတယ်လို့ ပြောရင် မင်းရယ်နေဦးမှာလား

 

ဟုတ်တယ် မထူးဆန်းတော့ပါဘူး နိုးနိုးချင်း မင်းကို သတိရတာ ဒီနေ့ တစ်နေ့ တည်းမှမဟုတ်တာ

 

ငါ မင်းကို ဒီနေ့ မနက်တော်တော် သတိရတယ်

 

မနက်ဖြန် တစ်ရက် ငါ တို့ တွေ့ဖြစ်ဦးမလား ငါ မသိဘူး

 

ငါ မင်း အတွက် စိုက်ထားတဲ့ ပန်းက လေး ပွင့်တော့ မယ်

 

မင်း မပျော်ဘူးလား. … … ငါ မင်း အတွက်စိုက်ခဲ့တာလေကွာ

 

အခု ပွင့်ဖတ်တွေကို တစ်လွာချင်းစီ ဖွင့်ပြီး ပွင့်ဖို့ အားယူနေပြီ ချစ်သူ

 

ငါ ၀မ်းသာတယ် အချိန်တန်ပြီ သူလည်း ပွင့် ဖို့ အချိန်တန်ပြီလေ… …

 

ငါ မနေ့ က စဉ်းစားမိတယ် Rudolf ( သြစထရိုဟန်ဂေရီယံ ၏ အိမ်ရှေ့မင်းသား) ဟာ Marie Vetsera ကို ချစ်တာ အရူးထ တာလား လို့

 

Napoleon က Josephine ကို ချစ်တယ် ဆိုတာကို ငါရယ်ချင်မိတယ်…….

 

သူ ချစ်သူကို ပေးတဲ့ အောင်မြင်ခြင်း နဲ့ ဂုဏ်သတင်းလက်ဆောင်တွေ ဟာ ငါပေးတဲ့ ပန်းတစ်ပွင့်လောက်တောင် အပြစ်မကင်းဘူးလေ

 

ငါ မင်းကို ပေးဖို့ ပန်းတစ်ပွင့်ကို ငါ ကိုယ်တိုင်စိုက်ခဲ့တယ်

 

ကိုယ် စိုက်ထားတဲ့ ပန်းပွင့် အရောင်တောင် ငါ မသိဘူး လေ

 

ကဲ ဘယ်လောက်ရိုးသားလဲ ………………..

In: ကဗျာ Posted By: Date: Jan 6, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment