Professional Authors

သတိရခြင်းအကြောင်းတွေ (၃)

ခင်ဗျားကိုသတိရမိတဲ့အခါ ..

ဘာခံစားချက်မှမရှိတော့ပါဘူးဆိုတဲ့ ရင်ဘတ်က
ဆစ်ခနဲ အောင့်သွားတာမျိုး ….
တစ်စုံတစ်ခု ကျိုးပဲ့ ကြွေကျသွားသလို
ဟာတာတာဖြစ်သွားတာမျိုး…..
ဘာလို့ ကျွန်တော်နာကျင်မိရပါလိမ့် ……

ကျရှုံးမှုတွေကို
ဟန်ဆောင်ကောင်းခဲ့ချင်ပေမယ့်
ကျွန်တော့်အတွက်တော့
မျှော်လင့်ခြင်းဆိုတာ
နာတာရှည်ရောဂါတစ်ခုလိုပါပဲ ….

ဘ၀တစ်ခုလုံးကို လုံးပါးပါးအောင်
တစ်စစီ ဖဲ့ချွေနေလေတယ် ….

ဆောင်းရေ ….

ပျော်ပါ … မြူးပါ…
ဝေဒနာဆိုတာ မရှိခဲ့သလိုဘ၀မှာ
ရှင်သန်ပါ ….

ဆုတောင်းပေးရုံသာ
တတ်နိုင်တဲ့ဘ၀မို့
ခင်ဗျား သိပ်ကြိုက်တဲ့ စံပယ်ပန်းလေးတွေ
ဘုရားမှာ လှူတိုင်း
စိတ်အေးချမ်းမြေ့ပါစေကြောင်း ဆုတောင်းတွေဟာ
ကြုံလာသမျှ ပူပန်မှုတွေ
အေးငြိမ်းစေလိုခြင်းသက်သက်သာ ……

Fourteen4

In: ကဗျာ Posted By: Date: Jan 5, 2016
Comment #1

ခင်ဗျား သိပ်ရေးတတ်တယ်ဗျာ … ကျနော်နဲ့ကွက်တိပဲ

commentinfo By: မာန်ခက်ဝင့် at Jan 7, 2016
Comment #2

ကျေးဇူး .. မာန်ခက် .. 🙂

commentinfo By: Fourteen4 at Jan 8, 2016
Comment #3

ကြုံလာသမျှ ပူပန်မှုတွေ
အေးငြိမ်းစေလိုခြင်းသက်သက်သာ ……

commentinfo By: MyoZin at Jan 24, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment