Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

သတိရခြင်းအကြောင်းတွေ (၂)

စီးကရက်ငွေ့တွေနဲ့ရောပြီး
မှုတ်ထုတ်ပစ်လိုက်တဲ့
သက်ပြင်းတွေထဲမှာ
မရေရာတဲ့ မျှော်လင့်ခြင်းတွေပါသွားရင်
သိပ်ကောင်းမှာပဲ . . . . ..

အပူအပင်ကင်းတဲ့ ရယ်သံလေးတွေ ကြားရုံနဲ့
ခင်ဗျားခိုလှုံနေတဲ့ အခြားရင်ခွင်ဟာ
လုံခြုံနွေးထွေးမှုတွေ အပြည့်ရှိမယ်ဆိုတာ
ရင်နာနာနဲ့ ကျွန်တော်ယုံထားလိုက်ပါတယ်…

ရှုံးနိမ့်မှုတွေနဲ့
အရာရာကို လွှတ်ချလိုက်ရတဲ့အခါတိုင်း
ခင်ဗျားလက်ကို ကိုင်ဆွဲထားချင်မိနေတဲ့
အတ္တတွေနဲ့ နေရထိုင်ရတာ
ဘ၀က သိပ် အသေကောင်ဆန်တာပဲ…

တစ်ခါတလေတော့လည်း
အိပ်မက်သေတွေထဲ ရှင်သန်ရင်း
ကျွန်တော့်မျက်နှာကို ကြည့်ရုံနဲ့
ရင်ဘတ်ထဲထိ မြင်တတ်တဲ့
ဂျစ်ကန်ကန် ကောင်မလေးရေ . . . . . . . .

တ ကယ် အ ရမ်း လွမ်း တယ် . . . . . . .။

In: ကဗျာ Posted By: Date: Oct 27, 2015
Comment #1

ကျွန်တော့်မျက်နှာကို ကြည့်ရုံနဲ့
ရင်ဘတ်ထဲထိ မြင်တတ်တဲ့
ဂျစ်ကန်ကန် ကောင်မလေးရေ . . . . . . . .

တ ကယ် အ ရမ်း လွမ်း တယ် . . . . . . .။

commentinfo By: STUPID at Dec 1, 2015
Comment #2

ဂျစ်ကန်ကန် ကောင်မလေးရေ . . . . . . . .

တ ကယ် အ ရမ်း လွမ်း တယ် . . . . . . .။

commentinfo By: No Name at Oct 19, 2016
Comment #3

ဂျစ်ကန်ကန်ကောင်မလေးရေ …
တကယ် အရမ်းလွမ်းတယ် .. လွမ်းတယ် … လွမ်းတယ် …
🙁 🙁 🙁

commentinfo By: နွေ at Mar 30, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment