Professional Authors

 

ချိန်းဆိုထားတဲ့ ညမှာ

ရောက်မလာမယ့် သူမအရိပ်ဟာ

အမှောင်မှာအစွန်းကျ

 

ချိန်းဆိုထားတဲ့ ညရဲ့အတွေးက

လမိုက်ညလို အနက်ရောင်ဝါကျတွေက

အသံတွေစွံ့အ

 

ချိန်းချက်ထားတဲ့ ညအိပ်မက်ဟာ

စီးကရက်အငွေ့လိုပျံပြီး ရင်ခုန်သံက

မီးလျှံဖြစ်သွား

 

ချိန်းဆိုထားတဲ့ ညက

နောက်ပြန်လှည့်မရတော့တဲ့လမ်းလို အလွမ်းတွေ

နှလုံးသားမှာတမ်းလန်းစိုက်ဝင်

 

ချိန်းဆိုထားတဲ့ ညထဲ

သံယောဇဉ်အမျှင်တွေက

အကြင်နာနဲ့ တစ်ပါတ်လျှိပြီး

နှလုံးသားကိုဝါးမြို

 

ချိန်းဆိုထားတဲ့ ညဟာ

ချွင်းချက်တစ်စုံတစ်ရာမရှိ

အဆိပ်မိနေတဲ့ ၀ိညာဉ်နဲ့

ချိန်းဆိုထားတဲ့ ဒီညမှာ

သောကတွေ

အိပ်ယာစောစောထလို့ ။

In: ကဗျာ Posted By: Date: Aug 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment