Professional Authors

*** ဆူးက​လေးများ ***

ဆူးက​လေး​တွေစူးခဲ့တယ်
တချို့ကိုနှုတ်​လိုက်​ပြီ
တချို့ကနှုတ်​လို့မရဘူး
တချို့က​တော့စူး​နေတုန်း…
.
အပြုံး​လေး​တွေနဲ့မူးခဲ့
အမုန်း​လေး​တွေနဲ့ရူးခဲ့
နှုတ်​ဖျားကလာတဲ့စကား​​လေးတွေ
ရင်​ဘတ်​ထဲအထိထည့်​ခဲ့မိတယ်​…
.
မ​နေနိုင်​သူကအရှုံး
နေနိုင်​သူ​တွေကပြုံး
မင်းတို့​ပျော်​မယ်​ဆိုရင်​​လေ
နှလုံး​သွေး​တွေ​ဖောက်​ထုတ်​​ပေးမယ်
.
နေမင်းကြီး​ပြေးသွားတဲ့အခါ
လမင်း​လေးထွက်​လာမှာ​ပေါ့
လကွယ်​ညဆိုတာမစဉ်းစားမိ​တော့
ခု​တော့….. ​မှောင်​မိုက်​မှာငို….
.
နှလုံးသားတံခါးကိုဖွင့်​ထားတယ်
အသဲကိုလဲထုံ​ဆေးထိုးထားတယ်
ဆူးက​လေး​တွေစူးပါ​စေ​တော့လို့…
ဒီရင်​ခွင်​ကိုသတိရကြရင်​​လေ….
ပြန်​လာလို့ထိုးစိုက်​လိုက်​ကြပါလား….
.
kgyi.
In: ကဗျာ Posted By: Date: Aug 24, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment