Professional Authors

အချစ်သူတောင်းစား

ပေးပါ…ပေးပါဆိုပြီး
အတင်းတောင်းနေလို့
စိတ်မဆိုးလိုက်ပါနဲ့
ဒါဟာ…
ရည်မှန်းချက်အတွက်
အစပျိုးမယ့် မျိုးစေ့လေးတစ်စေ့ပါ…

ငတ်ပြတ်နေခဲ့တာ
အချိန်တိုင်းပါပဲ
အရသာဆိုတာကို သိချင်လွန်းလို့
မရှက်မကြောက် လူပုံအလယ်မှာ
တောင်းရမ်းနေရတာပါ…

နွေးထွေးမှုကို မသိခဲ့တာ
မွေးကတည်းကပါ
ဆောင်းတွင်းအိပ်စက်ခြင်းတွေမှာ
နွေးထွေးမှုလိုအပ်လို့ နားခိုရာလေး
တောင့်တမိတာပါ….

ဟူး……
အချစ်တစ်ခုအတွက်
သူတောင်းစားငါဟာ
အောက်တန်းကျမယ်မထင်ပါဘူး
အဖြူထည်သက်သက်ပဲ
တောင်းနေမိတာလေ……
အချစ်အတွက်
သူတောင်းစားတစ်ယောက် ဖြစ်ခဲ့ပြီ….
                              
                                         ရဲမိုးစက်

In: ကဗျာ Posted By: Date: Aug 19, 2015
Comment #1

ဟုတ်တယ်ဗျ ကျနော်လည်း သူတောင်းစားဖြစ်နေပြီ အကိုရေစာသားတွေ ကြိုက်လို့ ကူးယူးသွားပါတယ်

commentinfo By: သူရိယ at Aug 19, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment