Professional Authors

ချစ်တတ်သောအခါ

မိန်းကလေးရေ
ပန်းတွေကို စားသုံးဖို့
သင်မွေးဖွားလာခဲ့တာလား….

ဘာဆိုဘာမှ မသိခဲ့တဲ့ကောင်ပါ
လမ်းဘေး ကဖီးလေးမှာပဲ
အချစ်ဆိုတဲ့ ဝေါဟာရတွေကို
လူပုံအလည် အာသီသတွေနဲ့သာ
ဓါတ်ဘူး တစ်လုံးနဲ့ အချိန်တွေကုန်ခဲ့ပြီး
တကယ်ကို မသိခဲ့တာပါ…

မထင်ခဲ့ဘူးလေ ချစ်တတ်လိမ့်မယ်လို့
အခုတော့ သိခဲ့ပြီ
လိပ်ပြာမလေးနားခိုဖို့
နေကြာပွင့်လေးတစ်ပွင့်အဖြစ်
အမြဲတမ်း ပွင့်လန်းချင်နေမိတယ်….

သင်သာ နားခိုမယ်ဆိုရင်
ငါ့ရဲ့ချစ်ခြင်းတွေကို
စိတ်ကြိုက်သာ စာသုံးပါ
လွယ်လွယ်မွေးဖွား…
လွယ်လွယ်ကြီးပြင်း…
ဘာဆိုဘာမှ ပိုင်ဆိုင်မှုမရှိဘဲ
အိမ်မက်တွေကိုသာ ရွာချချင်နေမိတဲ့ကောင်အတွက်
သင့်ကြောင့် အနာဂတ်ပျက်သုန်းလို့
ဈာပနဖြစ်ခဲ့ရင်တောင်
ဝမ်းနည်းနေစရာမရှိတော့ဘူးလေ….

မိန်းကလေးရေ
ဗလာနတ္ထိကောင်ရဲ့ ချစ်ခြင်းတွေ
မကွယ်လွန်ပါရစေနဲ့…..

တောင်းဆုခြွေရင်း……

                           ရဲမိုးစက်

In: ကဗျာ Posted By: Date: Aug 19, 2015
Comment #1

သင်သာ နားခိုမယ်ဆိုရင်
ငါ့ရဲ့ချစ်ခြင်းတွေကို
စိတ်ကြိုက်သာ စာသုံးပါ
လွယ်လွယ်မွေးဖွား…
လွယ်လွယ်ကြီးပြင်း…
ဘာဆိုဘာမှ ပိုင်ဆိုင်မှုမရှိဘဲ
အိမ်မက်တွေကိုသာ ရွာချချင်နေမိတဲ့ကောင်အတွက်
သင့်ကြောင့် အနာဂတ်ပျက်သုန်းလို့
ဈာပနဖြစ်ခဲ့ရင်တောင်
ဝမ်းနည်းနေစရာမရှိတော့ဘူးလေ….

ကြိုက်တယ်ဗျာ အားပေးလျက်ပါ

commentinfo By: သူရိယ at Aug 19, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment