Professional Authors

ဇာတ်ဆရာ

ဖြစ်ချင်ရာဖြစ်နေတဲ့ ဘဝဇာတ်စင်ပေါ်မှာ
ခပ်တည်တည်နဲ့ ဇာတ်ဆရာလုပ်ဖူးတယ်
ကျွန်တော့်ဇာတ်ညွန်းတွေ ချောင်ထိုးထားတယ်
သူတို့ ကလိုရာကပါစေ
လှည့်စားချက်တွေကို ထွေးဖက်ရင်း  
စီချက်ကျကျ ကနေတာ

မျှော်လင့်ချက်တွေပါသလို
အရှုံးတွေလည်းပါတယ်….
အမုန်းတွေနဲ့ လှောင်ပြောင်ခြင်းတွေပါသလို
ဒဏ်ရာတွေလည်းပါတယ်

ကျွန်တော် တိတ်တိတ်လေး ရပ်ကြည့်နေတာ
လက်မှတ်မလိုဘူး….
မခံစားတတ်တဲ့ နှလုံးသားဘဲလိုတယ်…….
In: ကဗျာ Posted By: Date: Aug 2, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment