သို့ …..
သူ …..
ရင်တထိတ်ထိတ်နဲ့
အိပ်မက်အထိ သယ်ယူ
မြတ်နိုးဖူးပါရဲ့ …..
အတ္တတွေ ပုံပန်းပျက်
လွင့်စင်ထွက်စေသွား
နာကျည်းမှု တစ်ချို့  ကို
မရမက အစားထိုးရင်း
သံယောဇဉ် တစ်စမှာ
အကာအရံ မဲ့ကာ
ငုပ်လျှိုး ပျောက်ကွယ်ရချိန်
ဝိရောဓိ တရားတို့
ငါ့ အသွေး အသားမှာ
တည်ငြိမ်နေဆဲ
ပုံဖော်ထုဆစ်ခဲ့ပေမယ့်
သည် အချစ်က
ကိုးကွယ်ဖို့ မသင့်ဘူး
ထင်ပါရဲ့ လေ …..
ညံ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဖတ်လို့ကောင်းတဲ့ကဗျာလေး