Professional Authors

ပြန်မဆုံချင်တော့ဘူး

တခုတ်တရ မေး နေ သူ မရှိသလို

ဒီလူ့ ကို မြင် ယောင်ကြည့် 

အသည်း အစိတိစိတ် ကွဲ နေ တယ် ဆို တာ

သိနိုင် မယ့်သူရှား

လောကဓံတရားတွေ အဖန်ဖန် တိုက်စစ်ဆင် တာ ခံထား ရ တော့

ခံစားချက်လွန် နှလုံးသားက မင်းပေးတဲ့ အမုန်းတရားကိုလည်း

တိတ်တဆိတ်  ကြေ ကွဲ ယုံ က လွဲ လို့

တဦးတ ယောက်ကိုမှလည်း အစားမထိုးခဲ့

သတိရခြင်းတွေထဲမှာ အခါခါရှာကြည့်မိ

မယုံနိုင် ဘူးလေ  မယုံလည်း မယုံချင် လို့ 

တကယ်ဆိုအနည်းဆုံး ကိုယ်မျှော်လင့်တာက

မိတ်ဆွေဆန်တဲ့ လမ်းခွဲမှုပေါ့
 

ပွင့်လင်းရိုးသားတဲ့ စိတ်နဲ့ ခံစားချက် အစစ် အမှန် ဆိုယင်

ချစ်တာပဲဆိုဆို မုန်းတာပဲဖြစ်ဖြစ်

ဒီလူမှာ ခံသာမှာလေ

ခုတော့ ဘယ် ခြောက်လို့ ညာလှမ်း

ပညာခန်းတွေပြ

ချစ်လုံးလုံး မုန်းလျားလျားပြတ်သားလိုက်စမ်းပါ

ကြောင် ကကြွက် ကို ကစားသလို

ကုစားရခက် တဲ့ အသည်းကွဲခြင်းဝေဒနာက နေ  

နလံမထနိုင်တော့မဲ့ဒီလူ့ဆီကို

မ ရ  အရ ဆက် သွယ်

နာကျင်စေချင် လို့  လား (အသည်းကို အပ်နဲ့ဆွသလို)

ခံစားရမယ် ဆိုတာပဲ မသိတာလား

တူစုံတွဲလို့ လာလည် ဦးမယ်ပြောလိုပြော

စကားတွေနဲ့ပါ နှိက်စက်

ဒီလူရဲ့ မေတ္တာနဲ့အ ဝေးမှာ ပျော်ရွှင်နိုင် သူရေ

မပြောထွက်ခဲ့တာ  အမှန်တော့ မပြော ရက်ခဲ့လို့ပါ နော်

စိတ်နာအောင် ရက်စက်ခဲ့ပြီး မှတော့

ဘယ်သောအခါမှပြန်မ ဆုံ စ တမ်း။

 

In: ကဗျာ Posted By: Date: Jul 30, 2015
Comment #1

ကျွန်​​တော်​ ဖတ်​ရှုခံစားအား​ပေးသွားတယ်​ ခင်​ဗျာ
အသဲကွဲရာသီစက်​ဝန်းမှ လွတ်​​မြောက်​ ​ လွတ်​လပ်​ ​ပျော်​ရွှင်​နိုင်​ ပါ​စေ
🙂

commentinfo By: အသဲကွဲ မိုး at Jul 31, 2015
Comment #2

ကျေးဇူးနော် မမိုး

မမိုး အားပေးတာ တကယ် အား ရှိ သွား တယ်

commentinfo By: Nothing Special at Jul 31, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment