Professional Authors

မျှော်သည့်ရွှေပြည်ဝေးသောကြောင့်

တောင်ကုန်း တောင်တန်း
တောစခန်းကို
အလှမ်းကျယ်ကျယ်
သေနတ်လွယ်၍
ဘယ်ခြေညာခြေလှမ်းကြသည် ..။

သည်မှာတိမ်လှိုင်း
သာသည့်ပိုင်းနှင့်
ပန်းရိုင်းဘယ်ပေါက်
အာရုံမရောက်ဘဲ
နောက်ကဖိနပ်သံ
ထို ဗုံး သံသာ 
အာရုံထန်၍ စောတော့သည် ….။

အခြားထင်ရှား
နိုင်ငံများတွင် 
ရှားပါးပင်ပေါက်
ထိုမတ်စောက်သော
တောတောင်ကမ်းပါး
သာစွများကို 
မြင်အား ရှုအား 
မှတ်တမ်းထား၍
ပျော်ပါးလွင်လွင်
တေးသံစဉ်ဖြင့် 
အစီအစဉ် ပြကြသည် …..။

ငါတို့မှာကား
ပြောက်ကျားကိုဝတ်
လူသတ်လက်နက်
သွေးစိမ်းထွက်၍
နေ့ရက်တို့ပြောင်း
ထိုတောင်စောင်းဝယ်
အိမ် ယာ ပြန်ကြောင်း
နေ့ရက်ကောင်းကို 
တွက်လောင်းအိမ်မက်မက်ရသည်….။

တိုးတက်ထွန်းကား
တစ်ပါးနိုင်ငံ
ငြိမ်းချမ်းသံမျိုး
ကြားနိုးနိုးနဲ့
တံပိုးမှုတ်ထန်
စစ်ခေါ်သံသာ
ကြားပြန်ပါ၍
လာဟေ့မောင်းပြန်
လက်ဝယ်ထံရောက်
နောက်တစ်ခေါက် ………။

မျှော်ရည်မှန်းကာ 
တိုးတက်ရာနှင့်
သွေးရင်းသားရင်း
ဆွေးမျိုးချင်းတို့
ချစ်ခင်စေကြောင်း ဆုမွန်တောင်းလည်း……။

မျှော်သည့်ရွှေပြည်ဝေးသောကြောင့်….။

In: ကဗျာ Posted By: Date: Jul 8, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment