Professional Authors

ပန်းကျိန်စာ

ကွဲအက်နေတဲ့
ခပ်မဆိတ်ပတ်ဝန်းကျင်မှာ
ငါဟာတစ်သားတည်းကျခဲပေါ့
ငါ့မှာလည်း ရင်ဘတ်အကွဲတစ်ခုနဲ့……

ဆေးလိပ်တိုတစ်ခုဟာ
အဆုတ်တစ်ခုကို သိမ်းပိုက်လိုက်ကြောင်း….။
ပြာခွက်အပြည့်မျှော်လင့်ခဲ့တဲ့
ထွေးပိုက်မှုအဆုံးမှာ
အခိုးအငွေ့တွေပွင့်ထွက်လွင့်အံ
ငါ နယ်ကျွံခဲ့တာလား…….။

သားကောင်ဘ၀ရောက်နေမှန်းသိမှ
လေကိုခွင်းလာတဲ့ 
မျှားအနံ့ကို ငါရ
နောက် ကျ ခဲ့ ပြီ ……..။

ပန်းတို့ကို
မတောင့်တတော့
အခွင့်ရှိပါက
မျှော်လင့်ချက်တို့သာ
နောက်တစ်ဖန်
ဖူး ပွင့် ပါ ရ စေ …..။

In: ကဗျာ Posted By: Date: Jul 8, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment