Professional Authors

သူတို့ပဲလား

လမ်းမဘေး၌
အမှိုက်ပစ်သူ
များပြည်သူကို
ပြစ်တင်ဆူဆဲ
သူတို့ပဲလား ..။

ရုပ်ရှင်ရုံထဲ
အလံဝဲစဉ်
အမြဲမထ
ဂါရ၀မပြု
လူချဉ် စုကို
ပြစ်မှုဆိုဆဲ
သူတို့ပဲလား ..။

နိုင်ငံဘဏ္ဍာ
ကိုယ်ကျိုးရှာ၍
ခွဲခြမ်းစားလျှက်
တရားပျက်ကို
ပြစ်ချက်ဆိုစွဲ
သူတို့ပဲလား …။

မင်းမှာစည်းကမ်း
မင်းနည်းလမ်းနဲ့
မင်းလမ်းမင်းဖောက်
မင်းမကြောက်ဘဲ
ရိုးသားဆဲဟု
ခိုင်မြဲသစ္စာ
ပြုနိုင်ပါမှ
မင်းအိမ်မင်းယာ
မင်းရွာမှစ
ကမ္ဘာ ကျ အောင်
ဟော ပြော ပြ ၍ ရ လိမ့်မည် ………။

မင်းမွေးကလေး
မင်းကကြွေးလည်း
မင်း၏ အရေးသူ့အရေးတည်း….။

မင်းစာရိတ္တ သူအားကျမှ
လူလားဘ၀ သူငယ်ရသော်
ကောင်းကျိုး မျှော်၍
နိုင်ငံတော်တွက် ဖြစ်လိမ့်မည်………။

ပုတ်ခတ်ဆိုဆဲ
သူတို့ပဲလား
မင်းစဉ်းစား၍
ကိုယ်အားဖြင့်ပြင်
ကိုယ့်ကိုဆင်မှ
စကားဂုဏ်အင် ပြည့်လိမ့်မည် ……။

In: ကဗျာ Posted By: Date: Jul 8, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment