Professional Authors

ရွက်စုတ်ပြက္ခဒိန်

နီးခြင်းဆုံမှတ်က ပေါက်ကွဲသွားတဲ့
မီးတောင်ရပ်ဝန်းတစ်ခုလို နာလန်ထူနိုင်ဖို့
ပြန်လည်အစပြုရတယ် ။
ဝေးခြင်းဆုံမှတ်က တမြေ့မြေ့လောင်ကျွမ်းနေတဲ့
ဖွဲမီးလို ဆွေးမြေ့မှုက ဟန်ချက်ညီညီနဲ့
စဉ်ဆက်မပြတ်ရှိနေတယ် ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ
အသည်းတခြမ်းချန်ခဲ့ရတဲ့ အကြောင်းအရင်းက
ကိုယ့်ကိုကိုယ် ကျိန်စာတစ်ခုလို
ဖန်တီးယူရတာပဲ ။
ဆုံစည်းခွင့်ရမယ့် ရက်တွေကိုပဲ
လက်ချိုးရေနေပါ့မယ် ။
မျိုးမြတ်လွင် 
In: ကဗျာ Posted By: Date: Jun 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment