Professional Authors

ရန်သူဟာကိုယ်ကိုယ်တိုင်ပဲ

ရန်သူဟာကိုယ်ကိုယ်တိုင်ပဲ
ကိုယ့်ရဲ့တပ်မက်မှုတိုင်းကကိုယ့်ကိုပြန်ညစ်သတ်နေတာ။

မကောင်းဆိုးဝါးဟာကိုယ်ကိုတိုင်ပဲ
ကိုယ့်ရဲ့သိမ်းပိုက်မှုတိုင်းက ကိုယ့်ကို အစိမ်းလိုက်ဝါးစားနေတာ။

ဓားတောင်ဟာကိုယ်ကိုယ်တိုင်ပဲ
ကိုယ့်ရဲ့ထက်မြက်မှုတိုင်းက ကိုယ့်ကို အပိုင်းပိုင်းပြတ်စေတာ။

မီးပင်လယ်ဟာ ကိုယ်ကိုယ်တိုင်ပဲ
ကိုယ့်ရဲ့ တောက်ပမှုတိုင်းက ကိုယ့်ကို တမြေမြေ လောင်စေတာ။

In: ကဗျာ Posted By: Date: Jun 24, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment