Professional Authors

ဓာတ်ပုံဟောင်း [အောင်ချိမ့်]


ဒီ့ထက် မလျော့နိုင်ဘူးဆိုပေမဲ့
လျော့ခဲ့ရပါပြီ ငါ့လူဟာ၊ ငါ့ပမာ
ကြေးအိုးပမာ ၊ ဘောလုံးပွဲပမာ
မုသားပမာ ။
တစ်ခါသုံးဆေးထိုးအပ်ကို စွန့်ပစ်သလို
လူငယ်လေးတစ်ယောက်ဟာ စွန့်ပစ်ခံရလို့
သူ မခံနိုင်ဘူး
ဓာတ်ပုံကြောဘက်မှာ စာတွေရေးထားတယ်
ငါတို့အကြောင်းလို့ ထင်ရတယ်
ဒါပေမဲ့ မဟုတ်ပါဘူး
မဟုတ်ရှာပါဘူး
မြစ်ဘက်က မြစ်လေတွေ မြို့ထဲဝင်လာပုံ
သူ့ဘဝထဲ မိန်းကလေး ခြေဖြင့် နင်းဝင်လာပုံ
သူဖျားပုံ
သူ အလုပ်အကိုင် အဆင်မပြေပုံ
မြေပုံပဲ
အဲဒီမြေပုံဟာ
ငါတို့ပဲ  ။ 
အောင်ချိမ့်
In: ကဗျာ,အောင်ချိမ့် Posted By: Date: May 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment