Professional Authors

ကောင်မလေး

‘ကောင်းကင်’ကို မော့ကြည့်တော့
ကဗျာဆန်လိုက်တာ
ကောင်းကင်မျက်နှာမှာ
မင်းလေးနေရာယူထားလို.ပါလား။

အနာပေါ်တုတ်ကျတာ မဟုတ်ဘူး
ကောင်မလေး
အနာပေါ် အက်စစ်အလောင်းခံရတာ။

မင်းလေးပေးခဲ့တာ ဝေဒနာတွေမဟုတ်ဘူး
ကောင်မလေး
ကိုယ့်အချစ်တွေ အငြင်းပယ်ခံရတာ။

ကောင်မလေး
မင်းပေးခဲ့တာ ဒဏ်ရာတွေမဟုတ်ဘူး
အမုန်းမျှားတွေ တစ်စင်းပြီးတစ်စင်းပစ်နေတာ

မင်းလေးပေးခဲ့တာ အလွမ်းတွေမဟုတ်ဘူး
ကောင်မလေး
ဘယ်တော့မှ မမေ့နိုင်ခြင်းတွေပေးခဲ့တာ။

ကောင်မလေး
မင်းပေးခဲ့တာ ရှုံးနိမ့်ခြင်းတွေမဖြစ်နိုင်ဘူး
ပြိုလဲခြင်းတွေဘဲ။

ဒါတွေ အားလုံးမင်းပေးခဲ့တာမဟုတ်ဘူး
ကိုယ်က ရရှိခဲ့တာ။

ကောင်မလေး
ဘာဖြစ်ဖြစ် မင်းကို
ကိုယ် အရမ်းချစ်တယ်။

In: ကဗျာ Posted By: Date: May 26, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment