Professional Authors

သတိရခြင်းအကြောင်းတွေ

ခင်ဗျားအကောင့်လေးစိမ်းနေမလား
ကျွန်တော်ကြည့်ရင်း
မြိုသိပ်ထားတဲ့စကားလုံးတွေကို
လေထဲမှာပဲ မျှောချလိုက်တယ်…။

မျှော်လင့်ခြင်းတွေဟာလည်း
စီးကရက်ပြာတွေလိုပါပဲ…
တဖြည်းဖြည်းနဲ့ ပဲ့ကြွေလွင့်ပါးမြဲ…။

ကိုယ်တစ်ယောက်ရေး ..
ကိုယ်တစ်ယောက်တည်း ဖတ်
ကိုယ်တစ်ယောက်တည်း ပြန်ဖျက်ခဲ့တဲ့
စာတိုလေးတွေက
ဂဏန်း 9 လုံးထဲခြေဦးလှည့်
ပြီးရင် ပြန်ထွက်ပြေးရစမြဲပဲ…။

ဟယ်လို …
ဟယ်လို ….
ဟယ်လို ….
တုန့်ပြန်ခြင်းမရှိတဲ့ တခြားတစ်ဖက်ဟာ
ကမ္ဘာလောကကြီးတစ်ခုလုံးကို အမှောင်ချထားသလိုပဲ …..
ဆောင်းရယ် …..
တိတ်ဆိတ်ခြင်းက အေးစက်လွန်းပါတယ်….။

ကျွန်တော်ဟာ ပျော့ညံ့လွန်းသူပါ  ….

ခင်ဗျားအိမ်ရှေ့လမ်းပေါ်မှာ
ရင်းနှီးဖူးခဲ့တဲ့ အရိပ်အယောင်လေးများ
မြင်မိလေမလား မျှော်လင့်ချက်နဲ့
ကျွန်တော့်နေ့တွေ မှောင်တယ်…။

အိမ်အပြန်မှာ
ခဲဆွဲထားတဲ့ ခြေလှမ်းတွေနဲ့ ခေါင်းငိုက်စိုက်
ပိုင်ဆိုင်သမျှ အလွမ်းတွေသာ
ခဏခဏ ကြွေကာကျရင်း
ဆောင်းရေ …..
ကျွန်တော် ကျရှုံးမြဲပါပဲ…။

နေသားကျအောင်တော့ ကြိုးစားတာပါပဲ
မြိုသိပ်ခြင်းဆိုတာဟာလည်း
ကိုယ့်ကိုကိုယ် ညှဉ်းဆဲနည်းတစ်မျိုးပဲဆိုတော့
လူတစ်ယောက်ကို
နင့်နင့်နဲနဲ သတိရခြင်းဟာလည်း
ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်စေနိုင်တယ် . . .

ကျွန်တော့်ရဲ့ ဆောင်းရာသီလေးရေ….
ကျေးဇူးပြု၍
ပျော်နေပါ…..
ကိုယ့်အပူနဲ့ ကိုယ်
အရည်ပျော်နေတဲ့ ကောင်ရဲ့အဝေးမှာ . . . .

ဝင်သက်ထွက်သက်တိုင်း
အေးချမ်းစွာ ရှင်သန်ရင်းပေါ့ …..

Fourteen4

In: ကဗျာ Posted By: Date: Apr 30, 2015
Comment #1

နေသားကျအောင်တော့ ကြိုးစားတာပါပဲ
မြိုသိပ်ခြင်းဆိုတာဟာလည်း
ကိုယ့်ကိုကိုယ် ညှဉ်းဆဲနည်းတစ်မျိုးပဲဆိုတော့
လူတစ်ယောက်ကို
နင့်နင့်နဲနဲ သတိရခြင်းဟာလည်း
ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်စေနိုင်တယ် . . .

(y)

commentinfo By: zero at May 4, 2015
Comment #2

နင့်နင့်နဲနဲ သိရခြင်းဟာလည်း
ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တယ် …………. 🙁

commentinfo By: မာန်ခက် at May 10, 2015
Comment #3

ကျွန်တော့်ရဲ့ ဆောင်းရာသီလေးရေ….
ကျေးဇူးပြု၍
ပျော်နေပါ…..
ကိုယ့်အပူနဲ့ ကိုယ်
အရည်ပျော်နေတဲ့ ကောင်ရဲ့အဝေးမှာ . . . .

ဝင်သက်ထွက်သက်တိုင်း
အေးချမ်းစွာ ရှင်သန်ရင်းပေါ့ …..

ခံစားချက်များနဲ့ ထပ်တူညီစွာ အားပေးသွားပါသည် .. (Y)

commentinfo By: STUPID at Dec 1, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment