Professional Authors

တောင်းပန်စာ

အိပ်မက်တစ်ချို့ဟာ ခါးနေတတ်တယ်လို့
ဘယ်တုန်းက မှ
ကိုယ်ချင်းစာ မပေးတတ်ခဲ့တာ
ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့…
တစ်မိုး အောက် တစ်ယောက် သေချာနေတာတောင်
ယိမ်းယိုင်လွယ်တတ်တဲ့ခဲ့တဲ့ ကိုယ့်နှလုံးသားကို
ဘယ်တော့မှခွင့်မလွှတ်ပါနဲ့…
ကိုယ့်ဘဝထဲ ဝင်ခဲ့ ဖို့
မင်းနှောင့်နှေး ခဲ့တဲ့အခါ
မင်းဘဝထဲတိုး ဝင်ကြည့်ဖို့
ဘယ်တုန်းကမှ
မကြိုးစား ကြည့်ခဲ့တဲ့
ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့…
ခွင့်မလွှတ်ပါနဲ့…
ခွင့်မလွှတ်ပါနဲ့…
ခွင့်မလွှတ်ပါနဲ့…
မိန်းမတစ်ယောက်ရဲ့မာန မှာ
အချစ်ရဲ့ တန်ဖိုးကို လျစ်လျူရှုခဲ့မိတဲ့ကိုယ့်ကို
မင်း ဘယ်တော့မှ ခွင့်မလွှတ်လိုက်ပါနဲ့ …။

In: ကဗျာ Posted By: Date: Apr 28, 2015
Comment #1

nice

commentinfo By: zayyar at Apr 29, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment