Professional Authors

ပြင်ဦးလွင်


သူ့ဆီမှာ ပိတောက် နဲ့ စိန်ပန်းပြာတို့
အတူသစ္စာ တိုင်ကြတယ်…

ချယ်ရီ နဲ့ ငုဝါ တို့လည်း ငြိမ်းချမ်းရေး သံစဉ် နဲ့ စာသားမှာ
အံဝင်ခွင်ကျ…

သူ ဟာ အညာမြေကို
ဘယ်တော့မှမစိမ်းတဲ့ အကြောင်းလည်း
နီနီစွေးစွေး လက်ပံပွင့်တွေက တဆင့်
သက်သေပြလို့…

မယ်ဇယ်ပင်ကောက်ကြောင်းစိမ်းနဲ့
ထင်းရှူးပင် အုပ်အုပ်ကလေး
ဒီရာသီမှာ ကန့်ကော်ပွင့်တွေပန်ထားတာများ
 ဖွေးလို့ မွှေးလို့ ….။

In: ကဗျာ Posted By: Date: Apr 28, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment