Professional Authors

ခံစစ်

ဘဝ မှာ
သုံးပြီးသား တစ်ရှူးးတစ်ခုလိုတောက်ထုတ်ခံရခြင်းဟာ
အကြိမ်ကြိမ်ခါးသီး တယ် ဆိုတာ…

အပျော်ဖတ် ဝတ္ထု တစ်အုပ်လိုမေ့လွယ် ပျောက်လွယ် ရှိရက်တာဟာ
အကြိမ်ကြိမ် ရှူံးးစေတယ်ဆိုတာ…

” မိတ္ထီလာမြို့ မှ ကြိုဆိုပါ ၏”
ဆိုင်းဘုတ် လိုမျိုး ဖြတ်သွားဖြတ်လာ တွေ့ မှ
သတိရတတ်ခြင်းဟာ
လူ့တန်ဖိုးကို အကြိမ်ကြိမ် လျော့ကျစေတယ်ဆိုတာ…

မသိရင်လည်းရှိ ပါစေ…

ပေါက်ကွဲပြီးတဲ့ ခဏ
သူမြေမှာ ဘာမှ မသီး မပွင့်တော့ သလိုမျိုး

ငါဟာ နာကျည်း ခြင်းတွေနဲ့
ကျတ်တီးကုန်းမြေ ….။

In: ကဗျာ Posted By: Date: Apr 28, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment