Professional Authors

မိတ္ထီလာ

 

ကန်အောက်မှာ ဖားကောက်ဖို့တော့မဟုတ်ခဲ့ဘူး…

အဖူးအပွင့်တစ်ချို့
ရိတ်သိမ်းနိုင်ဖို့

ရေသောက်မြစ်ရှိရာအရပ်
ကိုရောက်ရှိလာသမျိုး
ရှာဖွေခဲ့တယ်…


၂၀၀၇
၂၀၀၈
၂၀၀၉
.
.
.၂၀၁၅

နီးနီးလေး နဲ့ ဝေးခဲ့သလိုဝေးဝေးကြီးနဲ့လည်း နီးခဲ့ ရ
တစ်ချို့ သာရေး နာရေး သတင်းတွေ…

အသစ်တွေ ဘယ်လိုကောင်းကောင်း

နောက်ဆုံးတော့လည်း အဟောင်းတလည်လည်


ခုတော့လည်း
သူ့ရဲ့ကျောရိုး တစ်လျှောက်မှာ
စူပါကပ်လေးတစ်စီးပြေးလွှားလို့…
ကိုယ့်ရဲ့ လက်သည်းခွံကို
ကိုယ်ဘယ်တော့မှ တောက်ထုတ်လို့မရ သလိုမျိုး
ကိုယ့်ရဲ့ နေထိုင်မှုသမိုင်းမှာ
သူဟာ ထဲထဲဝင်ဝင်…။

In: ကဗျာ Posted By: Date: Apr 28, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment