Professional Authors

ဝိဥာည်ဖမ်းပွဲ

နေ၀င်ချိန်

မိုးကုပ်စက်ဝိုင်းရဲ့

တစ်ဖြေးဖြေးညှိုးလွင့်ဖျော့တော့နေတဲ့

အလင်းမှိန်မှိန်အောက်မှာ

ညနေခင်းအတွေးက

ဆေးပြင်းလိပ်တစ်လိပ်ကို

ရဲနေအောင်ရှိုက်ဖွာ

 

နေ့ကိုစွန့်ခွာခဲ့တဲ့ ညက

လမိုက်ပြီး ကြယ်မစုံသလို

မေ့မေ့ဆွေးဆွေး ချောင်ထိုးပစ်ခဲ့တဲ့

နှစ်ချို့ ဒိုင်ယာရီတွေ

ပြန်ဖတ်ကြည့်တော့လဲ

သံယောဇဉ်ခမ်းခြောက်အောင်

တောက်လောင်တဲ့အလွမ်းဆိုတာကြီးက

မီးလောင်ပြင်ကို

အစကနေပြန်ရှို့သလိုမျိုး

သက်ပြင်းတစ်ဖိုဖိုနဲ့

 

ဥပမာ – အချစ်ဆိုတာက

ကိုယ်လွတ်ရုန်း ခုန်ထွက်လို့ရသလား


အဲ့ဒီ – ပုံသေတွက်မရတဲ့

ရင်ခုန်သံမှာ

ကိုယ်တို့နှစ်ယောက်

အိပ်မက်ဝိဥာည်ဖမ်းတမ်း

ဆန်းဆန်းပြားပြား

ကစားကြတာပေါ့ ။

 

In: ကဗျာ Posted By: Date: Apr 27, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment