Professional Authors

အချိန်တွေ ကုလားဖန်ထိုးတာနဲ့ပဲ
ခံစားချက်တွေ အငွေ့ပျံကုန်လေရော့လား …
တိုက်စားခံရတာချင်း အတူတူ
လေးနက်ခြင်းက အဆုံးအဖြတ်ပေးမှာလား …
အခုကို ငါသတိရနေမိတယ်
တိုက်ဆိုင်မှု ရှိတယ် ဆိုကြပါစို့ …
ကံတရားကို နှလုံးသားနဲ့ လောင်းကြေးထပ်ဖို့ ဆိုတာကလည်း …
တဖြည်းဖြည်းနဲ့ ဝေးကွာနေပြီတဲ့လား
အခုထက်ထိ ငါလက်မလွှတ်ဖြစ်ခဲ့ဘူး …
ခင်မင်ခွင့် ရှိခဲ့တဲ့ ၆ နှစ်ဆိုတဲ့ ကာလက
ငါ့အတွက်တော့ တစ်ဘဝစာပါ …
အမှတ်တရ ဆိုတဲ့ ဖန်ခွက်ထဲ
တခါတလေတော့ ခေါင်းစိုက်ဖြစ်တယ်
အလွမ်းတွေရေချိန် ကိုက်တာပဲ အဖတ်တင်တယ် …
နင့်ရဲ့ အေးစက်နေတဲ့ စကားသံတွေ
ခံစားချက်မဲ့နေတဲ့ အပြုံးတွေ
ရင်ဆိုင်ဖို့ ခက်ခဲနေပေမယ့်လို့ …
အချိန်တိုင်းကို တချိန်က
အတိတ်မှာပဲရပ်တန့်ပစ်ချင်ပေမယ့်
ပစ္စုပန်မှာ ပျော်တဲ့နင့်အတွက်
နှလုံးသားကို ခွဲထုတ်
တစ်ဖက်သတ် ငါ့အချစ်တွေကို
ပြည်ဖုံးကားချ ပေးပါ့မယ် ။ ။
 

In: ကဗျာ Posted By: Date: Apr 26, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment