Professional Authors

ရှုံးတဲ့သူ

နင့်အတွက်တော့ ငါဟာ
အစားထိုးပြီးတဲ့ အတိတ်
ဆက်ရန်မရှိတဲ့ အနာဂတ်။

ငါ့အတွက်တော့ နင်ဟာ
မေ့လို့မရတဲ့ အတိတ်
တောင့်တခွင့်မရှိတဲ့ အနာဂတ်။

ငါ နင့်ကြောင့်
ရင်နဲ့နင့်အောင် ခံစားခဲ့ရချိန်တွေမှာ 
နင် က ငါ့ကို လှောင်ရယ်နေခဲ့လေမလား။

ငါ နင့်ကို လွမ်းတဲ့စိတ်နဲ့ ရှိုက်လို့ငိုချိန်
နင့်အတွက်တော့ ငါဟာ 
ဝိုးတ၀ါး အတိတ်က မြူမှုန်တမျှ ဖြစ်နေလေမလား။ 

ဒီလိုညီမျှမှုမရှိတဲ့ ပတ်သက်မှုတစ်ခုမှာ 
ပိုချစ်မိသူက ရှုံးရတယ်ဆိုလည်း 
နောက်မဆုတ်နိုင်လောက်အောင် 
ရုန်းမထွက်နိုင်လောက်အောင် 
သိပ်ချစ်မိခဲ့တဲ့ ငါ…
ဒီလိုလူရဲ့အရှုံးကိုတော့
နင် အသိအမှတ်ပြုဖို့ကောင်းပါရဲ့ ။

သင့်ချစ်သူ 
၂၅.၄.၂၀၁၅

In: ကဗျာ Posted By: Date: Apr 25, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment