Professional Authors

နွေည

တစ်နေကုန်

အပူလောင်ခံထားရတဲ့အထဲ

တည်းတည်းလေးပဲကျန်တော့တဲ့

ရွက်ခြောက်တစ်သီတစ်တန်းကို

တစ်ရွက်ခြင်းစီတောက်ချနေတဲ့

စိတဇနွေညဟာ

တောင်လေမှာလွင့်မြောပြီး

ခြောက်သယောင်းလို့  

 

စိတဇဆန်လွန်းတဲ့

အဲ့ဒီနွေညထဲမှာ

ကြွတ်ဆတ်ပြီးကြေမွလွယ်တဲ့

ရွက်ခြောက်တွေက လေခြေထောက်တွေနဲ့

တစ်ရှဲရှဲရှပ်တိုက်နေတာက

မျက်နှာကျက်မှာ တကျွီကျွီလည်နေတဲ့

ပန်ကာအိုကြီးလို ၀ဲပါတ်ချာလည်

 

ဘယ်လိုပြောရမလဲ

ခုတစ်လော နွေညခပ်နက်နက်တွေက

တစေအနမ်းလို သွေ့ခြောက်လွန်းတော့

အလွမ်းတွေထမ်းထားတဲ့ ငါ့လက်

မျက်ရည်မစို့ပဲ

သွေးတွေထွက်လို့ .. .။

In: ကဗျာ Posted By: Date: Apr 24, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment