Professional Authors

အတ္ထုပ္ပတ္တိ

ဖြတ်သန်းခဲ့သော

သက်တမ်းတစ်လျှောက်ကို သေချာပြန်စဉ်းစားကြည့်တော့

နာကျည်းဖွယ်ရာကာလတိုင်းမှာ ချိုမြိန်ချင်ယောင်ဆောင်နေတဲ့

စကားလုံးများကိုသာ စုပ်ယူရင်း

လူတစ်လုံးသူတစ်လုံးဖြစ်အောင်

လုပ်ယူခဲ့ရ

 

ဖြတ်သန်းခဲ့သော

သက်တမ်းတစ်လျှောက်ကို သေချာပြန်စဉ်းစားကြည့်တော့

လိုအပ်ချက်တွေနဲ့ပြည့်နှက်ပြီး ပေါက်ပြဲနေတဲ့ဘ၀၊ကံကြမာကို

ကြာလာတော့ဝ်ကြွေးပဲလို့

သတ်မှတ်ခဲ့ရ

 

ဖြတ်သန်းခဲ့သော

သက်တမ်းတစ်လျှောက်ကို သေချာပြန်စဉ်းစားကြည့်တော့

အတင်းအကန်မငြင်းဆန်နိုင်ခဲ့သော

ဝတရားများကို

အလိုမတူပါပဲ တစ်စားပွဲထည်းထိုင်ရင်း

စိတ်အမောသောကတွေတစ်ဝတစ်ပြဲ

စားသုံးခဲ့ရ

 

ဖြတ်သန်းခဲ့သော

သက်တမ်းတစ်လျှောက်ကို သေချာပြန်စဉ်းစားကြည့်တော့

ဒါဏ်ရာဆိုတာတွေသာသီတွဲလာတတ်တဲ့

အကြင်နာ၊မေတာ အလွမ်းအဆွေးတွေကို

အထီးကျန်ခြင်းမှာသစာဖေါက်ဖို့

ကြိုးစားခဲ့ရ

 

ဖြတ်သန်းခဲ့သော

သက်တမ်းတစ်လျှောက်ကို

သေချာပြန်စဉ်းစားကြည့်တော့

တဒင်္ဂ၊တစ်ခဏလေးသာ

ပါဝင်ပါတ်သက်ရမဲ့

ဘ၀နဲ့ လက်ထပ်ရင်း

သက်ရှိအားလုံး အသက်ရှူမှားနေခဲ့ရ

အသက်ရှူကြပ်နေခဲ့ကြရ

 

In: ကဗျာ Posted By: Date: Apr 21, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment