Professional Authors

ခေတ်

ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ခေတ်အကြောင်းနဲနဲပြောရအောင်

မျက်စိမှိတ် နားပိတ်ခံထားရတဲ့ခေတ်က
ရှေးစကားပုံလို
ဝါးလုံးခေါင်းထဲ လသာလို့

ကိုယ်ယုံကြည်ရာ
ထုတ်မပြောရတဲ့ ခေတ်က
အကြောက်တရားတွေနဲ့

ဘုရားပေါ်မှာ ဆုတောင်းရမှာကိုတောင်

အ ထိတ် ထိတ်
အ လန့် လန့်

မေးလည်းမေးချင်တယ် မေးလည်းမမေးရဲဘူး
ပြောလည်းပြောချင်တယ်
ပြောလည်းမပြောရဲဘူး
ဆိုတဲ့ statusတွေ
Facebook ပေါ်
နေရာယူလာတဲ့
ခေတ်

အော်တဲ့သူတွေကတော့ အော်တာပဲ
အော်လိုက်ရင် တစ်ခုခုဖြစ်သွားမလား
ကျွန်တော်တို့အော်သံတွေ ကမ္ဘာကြီးက ကြားမလား

အနီးဆုံးရှိနေတာတောင် မကြားတဲ့သူတွေက
ရိုက်သွင်းခံထားရတဲ့ ဦးနှောက်တွေနဲ့

အဖေမရှိတော့တဲ့နောက်
အဖေစည်းပေးခဲ့တဲ့
ထင်းစည်းတွေထဲက ထင်းတွေက
ဟို တစ် စ
ဒီ တစ် စ
ဟိုးထိပ်ဆုံးက ထိုင်ခုံပေါ်က ပုဂ္ဂိုလ်တွေကြောင့်လို့
ကျွန်တော်ပြောရင်
ခင်ဗျားငြင်းမလား
ေ ခ တ်

ကိုယ့်ဝမ်းစာတောင် ကိုယ်အနိုင်နိုင်ရှာနေရတဲ့ခေတ်က
ဇွန်ပန်းရုံးအနီး နွံထဲက လှည်းဘီးကို ကူတွန်းပေးဖို့ အာရုံမလာဘူး

ဖတ်နေတဲ့ သတင်းစာ
စာမျက်နှာတွေသာ ကုန်သွားတယ်
အ မှန် တ ရား ကို
ရှာ မ တွေ့ ဘူး

အဲ့ဒါ …

ခေတ်

.
.
.
မေဃ

In: ကဗျာ Posted By: Date: Apr 20, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment