Professional Authors

အလောင်းဘုရင်

အိပ်မက်သခင်
မှတ်ကျောက်ပေးလို့
လောင်းလိုက်ဦးမယ်
ဒီတစ်ပွဲ …

ဂိုးပေါ် ဂိုးအောက် ဂိုးပေါင်းဘယ်သူသာ
တစ်ပြားကွာ နှစ်ပြားဟ
စားလိုက်ဦးမယ်
ဒီတစ်ပွဲ …

ရှေ့တန်းကတစ်လွဲ
အလယ်တန်းကပေါက်ကရ
နောက်တန်းကအလှူပေး
ငါလည်းရှုံးပြန်ပြီ ဒီတစ်ပွဲ …

အရှုံးကိုပြန်ချေဖို့
ရှိသလောက်နဲ့ ၀ိုင်းအသွား
နှစ်လုံးတူ King ခံနဲ့ကဒ်ကိုကြည့်တယ်
Full House နဲ့စား …

ကံမကောင်းတဲ့ဒီည
အိမ်ပြန်မယ်စိတ်ကူး
အဖော်ကောင်းပြန်တော့
ဟိုဘက်ဝိုင်းကကြေးကြီးကြီး …

ဒိုကိုမျှော် ဘူတစ်နဲ့လူမဖြစ်
ဒိုင်ကိုင်တော့လည်း
တစ်လှည့်တည်းနဲ့ပြုတ်
အရှုံးနဲ့ညားပြန်ပြီ …

မပြတ်တဲ့သံသရာ
အရှုံးနဲ့ညအိပ်
အိပ်မက်သခင်
အိပ်မက်ထဲပြန်ဝင်လာမှာကိုမျှော် … ။  ။

In: ကဗျာ Posted By: Date: Apr 18, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment