Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

အချစ်တစ်ခုသာ ကိုယ်တို့အနားမှာ ထိုင်နေတယ်

လူသိရှင်ကြား
တရားဝင်ချစ်သူတွေသာ
လွမ်းကြေးဆို
ကိုယ်တို့အလွမ်းတွေ တရားမဝင်ခဲ့တာ သေချာတယ် ..

ဒါပေမဲ့
ချစ်ခြင်းဟာ တရားဝင်ဖို့မလိုဘူး
ချစ်ခြင်းဟာ စာချုပ်တစ်ခုမဟုတ်ဘူး
ချစ်ခြင်းဟာ facebookက relationship statusတစ်ခုစာမကဘူး

တစ်ရာသီလုံးနွေဆန်ပြီးတဲ့အခါ
ကိုယ်လည်း မိုးဖွဲလေးတော့ ရွာချပစ်ချင်တာပေါ့
ဒါပေမဲ့
သူနဲ့ကိုယ်က တရားဝင်မှမဟုတ်တာ
လူမသိဘူး
သူမသိဘူး
သူနဲ့ကိုယ်က လူမသိသူမသိ

နှစ်ယောက်တည်းသိတဲ့ အလွမ်းတွေရှိတယ်
နှစ်ယောက်တည်းသိတဲ့ တီးတိုးစကားတွေရှိတယ်
နှစ်ယောက်တည်းသိတဲ့
အနာဂတ်planတွေရှိတယ်

သူက ကိုယ့်အတွက် Eiffelမျှော်စင်ကြီးတစ်ခုစာလောက် မျှော်လင့်ချက်တွေ တည်ဆောက်ထားတယ်

ကိုယ်က သူ့အတွက်
မဟာတံတိုင်းကြီးတစ်ခုစာလောက် နားလည်မှုတွေပေးထားတယ်

ကိုယ်တို့နှစ်ယောက်တွေ့တဲ့အခါ
လူ့အသိုင်းအဝိုင်း
စည်းမျဉ်း စည်းကမ်းတွေအားလုံး
မရှိတော့ဘူး
မသိတော့ဘူး
အချစ်တစ်ခုသာ
ကိုယ်တို့အနားမှာ ထိုင်နေတယ်
ကိုယ်တို့နှစ်ယောက်ကို ငေးလို့
ပြုံးလို့

”Good night! Honey”
ဆိုတဲ့statusလေးကို မိဘတွေကသဘောတူထားလို့ပါဆိုတဲ့ သူမကိုtagတဲ့အခါ
ကိုယ်ကပြုံးကြည့်နေရတယ်..
မြင်နေတဲ့မျက်လုံးအစုံကိုမှိတ်ပစ်လိုက်တယ်
နာကျင်မှုတွေက အလုံးအရင်းနဲ့နှလုံးသားထဲဝင်ရောက်လာတယ်
အဲ့ဒီအချိန်မှာ
မြည်လာတဲ့Ringtoneလေးဟာ
ကိုယ့်အတွက်pain killer

ကိုယ်တို့နှစ်ယောက်တွေ့တဲ့အခါ
လူ့အသိုင်းအဝိုင်း
စည်းမျဉ်း စည်းကမ်းတွေအားလုံး
မရှိတော့ဘူး
မသိတော့ဘူး
အချစ်တစ်ခုသာ
ကိုယ်တို့အနားမှာ ထိုင်နေတယ်
ကိုယ်တို့နှစ်ယောက်ကို ငေးလို့
ပြုံးလို့
.
.
.
မေဃ

In: ကဗျာ Posted By: Date: Apr 16, 2015
Comment #1

🙂

commentinfo By: မာန်ခက် at Apr 27, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment