Professional Authors

သူငယ်ချင်းသို့

အချိန်ဆိုတာ နှစ်ခါပြန်မရသလို အရွယ်ဆိုတာလည်း တစ်ခါပြန်မငယ်နိုင်ဘူး သူငယ်ချင်း
တစ်ခဏတာ ပျော်ရွှင်မှုအတွက် တစ်ဘဝလုံးလောင်းကြေးမထပ်မိပါစေနဲ့

စိတ်ကို တည်ငြိမ်အောင်မွေးမြူပါ သူငယ်ချင်း
တဒင်္ဂအတွေးကို တစ်ခဏလေးနဲ့ အဆုံးအဖြတ်မပေးမိပါစေနဲ့

လောကဓံကို ရဝံ့စွာရင်ဆိုင်နိုင်အောင်ကြိုးစားပါ သူငယ်ချင်း
အောင်မြင်မှုနဲ့ ကျရှုံးမှု နှစ်ခုပါမှ လူ့ဘဝ

သစ်ပင်တော့မဟုတ်ဘူး စိမ်းလန်းရှင်သန်နေရမယ်
ပန်းပွင့်တော့မဟုတ်ဘူး ဒါပေမယ့် ဖူးပွင့်ဝေဆာနေရမယ်. . .။

မိုးနေ့

In: ကဗျာ Posted By: Date: Mar 30, 2015
Comment #1

သစ်ပင်တော့မဟုတ်ဘူး စိမ်းလန်းရှင်သန်နေရမယ်
ပန်းပွင့်တော့မဟုတ်ဘူး ဒါပေမယ့် ဖူးပွင့်ဝေဆာနေရမယ်. . .။

commentinfo By: nate thit at Apr 2, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment