Professional Authors

မြို့လေးရဲ့ မနက်ခင်း

့မြို့လေးရဲ့တစ်ကိုယ်ရေလွမ်းဆွတ်မှုမှာ မနက်ခင်းဟာ အိပ်မှုန်စုံမွှားနိုးထလာ

မနိုးသေးတဲ့သော့တွေကို ငေးကြည့်နေတယ်

လတ်လတ်ဆတ်ဆတ် အောက်ဆီဂျင်ကို ညစ်ညမ်းစေတဲ့မော်တော်ကား

ပဲပြုတ်သည်ရဲ့ အော်သံထဲဖြတ်မောင်းဝင်ရောက်သွားခဲ့ နံရံတွေမှာ နားတွေပါတယ်

မာကျူရီမီးတွေ ငိုက်မြည်းလာကြပြီ

ပုရစ်တွေ အိပ်တန်းဝင်ကြပြီ

လမ်းတွေ လမ်းသလားနေကြပြီ

ခိုတွေ သွားတိုက်မျက်နှာမသစ်ကြသေးခင်

ပလက်ဖောင်းကိုလှုပ်နှိုးလိုက်သော ခြေလှမ်းတစ်စုံသည် ခွေးတစ်ကောင်ဖြစ်သည်. . .။

 

မိုးနေ့

In: ကဗျာ Posted By: Date: Mar 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment